- 27 Jul 2012 |
- By Good Health
- မျက်နှာတွင် အကျိတ် ပေါင်း ၇၀ ကြီးထွား နေသော ကြောင့် ထူးဆန်း သော သတ္တဝါ
ကြီးကဲ့သို့ ရုပ်ပျက်ဆင်းပျက်ဖြစ် နေသော တရုတ်အမျိုးသမီးတစ်ဦးကို
တရုတ်ဆေးရုံတစ်ရုံက အခမဲ့ ကုသပေးခဲ့ ပြီးနောက် ပြန်လည်ကောင်းမွန်လာပြီဖြစ်
ကြောင်း DM သတင်းဌာနက ဇူလိုင်လ ၁၈ ရက်နေ့တွင် ဖော်ပြခဲ့သည်။ လီ ဟောင်ဖန်
(၄၀ နှစ်) သည် အရေပြား အောက်ရှိ တစ်သျှူးများကို ကြီးထွားစေ သော
ရှားရှားပါးပါးအရိုးကင်ဆာရောဂါ တစ်မျိုးကြောင့် ရုပ်ပျက်ဆင်းပျက်ဖြစ်ပေါ်
ခဲ့ခြင်းဖြစ်သည်။ သူသည် ခွဲစိတ်ကုသရန် မတတ်နိုင်သောကြောင့် Chordoma ဟု
ခေါ်သော ရောဂါကို ဆယ်စုနှစ် တစ်ခု ကျော်အောင် ခံစားခဲ့ရသည်။ ယင်း နောက်
တရုတ်နိုင်ငံအနောက်မြောက်ပိုင်း ရှန်စီပြည်နယ်၊ မြို့တော်စီယန်းမြို့မှ
ဆေးရုံက သူ့အား အခမဲ့ကုသပေးကာ အကျိတ်များကို ဖယ်ရှားပေးခဲ့ခြင်းဖြစ် သည်။
ကုသစရိတ်မှာ အမေရိကန် ဒေါ်လာ ၉၀çဝ၀ဝ ကုန်ကျမည်ဖြစ်သော် လည်း ခွဲစိတ်ကုသမှုကို
ဆေးရုံက အခမဲ့ ပြုလုပ်ပေးခဲ့ခြင်းဖြစ်သည်။ ရှန်စီပြည် နယ်ရှိ
ရှန်ချောင်းရွာမှ လီဟောင်ဖန်သည် ယခုအခါ ပုံမှန်ဘဝအတိုင်း နေထိုင်နိုင်ပြီ
ဖြစ်ကြောင်း သိရသည်။
NYM (DM, 18.7.12)
စိတ်ဝင်စားဖွယ်ရာ သတင်း၊ ဆောင်းပါး၊ ဖျော်ဖြေရေးများကို တင်ပြထားပါသည်။ ၀င်ရောက်ကြည့်ရှုအားပေးသူများကို အထူးကျေးဇူးတင်ပါသည်။
Showing posts with label ကျန်းမာရေး. Show all posts
Showing posts with label ကျန်းမာရေး. Show all posts
Friday, 27 July 2012
မျက်နှာမှ အကျိတ် ဖယ်ရှားပြီးနောက် တရုတ် အမျိုးသမီး ပြန်လည် ကျန်းမာလာ
Subscribe to:
Posts (Atom)