Friday, 27 July 2012

RFA TV July 27, 2012



လွတ်လပ်တဲ့အာရှအသံ RFA ရုပ်မြင်သံကြားအစီအစဉ် (ဇူလိုင်လ ၂၇ ရက် ၂ဝ၁၂)

- တိုင်းရင်းသားလူမျိုးများ၏အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့်ဥပဒေ ပြဋ္ဌာန်းရေးအဆို ပြည်သူ့လွှတ်တော် အတည်ပြု၊
- ရွေးကောက်ပွဲစနစ် ပြုပြင်ပြောင်းလဲပြုပြင်ရေးအတွက် ရွေးကောက်ပွဲကော်မရှင်နဲ့ ဒီမိုကရေစီ မိတ်ဆွေပါတီ ၁ဝ ပါတီ တွေ့ဆုံဆွေးနွေး၊
- အမေရိကန်သံရုံးက နိုင်ငံရေးနဲ့ စီးပွားရေး အတွင်းဝန်များ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေကို တွေ့ဆုံဆွေးနွေး၊
- သံလျင်မြို့နယ် အလွမ်းဆွတ်ရွာမှာ စစ်တပ်က သိမ်းထားတဲ့ လယ်မြေကိစ္စ ရန်ကုန်တိုင်း အစိုးရဝန်ကြီး ဝင်ရောက်ဖြေရှင်းပေမယ့် ပြေလည်မှု မရ၊
- ကွယ်လွန်သူ ကာတွန်းသော်က အမှတ်တရ ကာတွန်းပြပွဲ ဖွင့်လှစ်၊
- ဂီတအစည်းအရုံး ကော်မရှင်အဖွဲ့ဝင် ၅ နှုတ်ထွက်၊
- မြန်မာပို့ကုန် တားမြစ်သည့်ဥပဒေ အမေရိကန်အထက်လွှတ်တော်မှာ သဘောတူညီမှု မရတဲ့အတွက် စက်တင်ဘာမှာ သက်တမ်းကုန်မည်၊
- မြန်မာပို့ကုန် ပိတ်ပင်ရင် သာမန်မြန်မာပြည်သူတွေကိုသာ ထိခိုက်မည်ဟု ICG အဖွဲ့ ပြော၊
... စတဲ့ သတင်းတွေနဲ့

- ကော်မရှင်အဖွဲ့ဝင်လူကြီးတွေ နှုတ်ထွက်သွားတဲ့ မြန်မာနိုင်ငံ ဂီတအစည်းအရုံး၊
- ကာတွန်းသော်က အမှတ်တရ ကာတွန်းပြပွဲ၊
- ရန်ပုံငွေ အခက်အခဲ ကြုံနေရတဲ့ ထိုင်းနယ်စပ် မဲဆောက်မြို့က "မယ်တော်ဆေးရုံ"၊
- ချင်းတိုင်းရင်းသားဘာသာ အစီအစဉ် (အိန္ဒိယနိုင်ငံ မီဇိုရမ် ပြည်နယ်ရောက် ချင်းလူထုနဲ့ CNF ချင်းအမျိုးသားတပ်ဦး တွေ့ဆုံခဲ့တဲ့ အကြောင်- မြန်မာဘာသာ စာတန်းထိုး)
... စတဲ့ အစီအစဉ်တွေကို ဒီကနေ့ ကြည့်ရှုရမှာပါ။

(Credit http://youtu.be/KaTdAK_7STg)

လန်ဒန်အိုလံပစ် နှစ်ထောင့်ဆယ်နှစ့်

အရိုး နဲ့မေးခွန်း(၇)ခု

    27 Jul 2012 
    By Popular News

ပရိသတ်တွေရဲ့ ရင်ကို စာပေ အရေးအသားတွေ နဲ့ရော၊ သီချင်း စာသားတွေ နဲ့ပါ ထိအောင် ပစ်နိုင်တဲ့ တေးရေး၊ တေးဆို၊ စာရေးဆရာ တစ်ယောက် ကတော့ အရိုး ပါပဲ။ ပေါ်ပြူလာ နဲ့ အရိုး မဆုံဖြစ်တာ နည်းနည်း ကြာခဲ့ပြီ။ ပြန်ဆုံတွေ့ဖြစ်တဲ့ အခါမှာတော့ အရိုးကို ဂီတလောက အကြောင်းတွေကော၊ စာပေ စိစစ်ရေး လွတ်လပ် ခွင့် ရပြီ ဖြစ်တဲ့ စာရေးဆရာ တစ်ယောက် ရဲ့ ဖန်တီးမှု အကြောင်း တွေကော မွေးခွန်းတွေ မေးဖြစ်ခဲ့ပါတယ်။ အရိုးက လက်ရှိ မှာတော့ နောက်ထပ် အခွေသစ် ကို လုပ်နေတာ တော်တော် ပြီးနေပြီ ဖြစ်သလို၊ Cupid13 ဆိုတဲ့ လုံးချင်း စာအုပ်လည်း ထွက်ရှိထားပါတယ်။ ကဲ.. အင်တာ ဗျူးစကြဆို့။

မေး- ဂီတ အစည်းအရုံး အနေနဲ့ ဂီတ လောကသားတွေရဲ့ အရေးနဲ့ ပတ်သက်ပြီး ဘယ်လို တာဝန်တွေ ယူသင့်တယ်လို့ ထင်မိလဲ။ အစ်ကိုက ဂီတ အစည်းအရုံး ဝင်ထား တဲ့ သူတစ်ယောက် မဟုတ်ပေမယ့်လည်း အပြင်က ဂီတ ဝါသနာရှင် တစ်ယောက်ရဲ့ အမြင်ကို သိချင်လို့ပါ။

ဖြေ- ဂီတလောက နည်းနည်းပုံစံ ပြောင်းသွားတယ်။ ခိုးကူးတွေက နှိပ်စက်လိုက်တဲ့ ဒဏ်ကို ခုမှ ပယ်ပယ်နယ်နယ် ကျကျနန ခံရတာ။ ရှင်းရှင်းပြောရရင် အကုန်လုံးက စီးပွားရေး ဆန်တဲ့ပုံစံမျိုးနဲ့ စတိတ်ရှိုးတွေ သွားလိုက်ကြတော့ အခု အကုန်လုံးက ရပ်သလို ဖြစ်သွားတယ်။ အစည်းအရုံးက တော်တော် ပျော့တယ် လို့ထင်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အစည်းအရုံးသည် NGOလေ။ ကျွန်တော်ကလည်း အစည်း အရုံးဝင် မဟုတ်ပါဘူး။ ဘေးက ကြည့်ရတဲ့ ဝါသနာရှင် ဂီတသမား တစ်ယောက်ပေါ့။ ဒီလို အနေနဲ့ ဆိုရင်တောင် ဂီတအစည်းအရုံး ဆိုတဲ့ NGO တစ်ခုက နည်းနည်း ပျော့နေတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သူက တိကျတဲ့ အာမခံချက် ရှိရမယ်။ သူက ဂီတလောက ကို ကိုယ်စားပြုတဲ့ အတွက် ဂီတလောမှာ ရှိရှိသမျှ လူတွေ အကုန်လုံးရဲ့ တာဝန်ကို သူယူပေးရမယ်။ ပြီးတော့ သူခေါင်းစဉ် တပ်ထားတာက ဂီတ အစည်းအရုံးလေ။ ဂီတနဲ့ ပတ်သက်ရင် ဘယ်ဂီတ မဆို သူတာဝန်ယူ ရမယ်။ ပြီးတော့ အစည်းအရုံးကို ဝင်တယ်၊ မဝင်ဘူး ဆိုတဲ့ကိစ္စ ကောင်းကောင်း စိစစ်ရမယ်။ အဆိုတော် ဆိုရင်တောင်မှ တကယ့် ပရော်ဖက်ရှင်နယ် ပါရမီပါလာတဲ့ အဆိုတော် တစ်ယောက်နဲ့ အပျော်တမ်း စားသောက်ဆိုင်မှာ ဆိုတဲ့ အဆိုတော်နဲ့ တန်းတူ စရာ အကြောင်းကို မရှိဘူး။ အတီးသမား ဆိုလည်း အဲဒီလိုပဲ။ တကယ် ပါရမီပါလာတဲ့ အတီးသမား နဲ့ အပျော်တမ်း တီးနေတဲ့ အတီးသမား နဲ့ လုံးဝ ယှဉ်ပြီးတော့ ဂီတ အစည်းအရုံး ကတ်ကို ထုတ်ပေးလို့ မရဘူး။ ဒါက ကျွန်တော့် အမြင်ပေါ့။ သူတို့ ဘယ်လိုလုပ်ကြလဲတော့ မသိဘူး။

မေး- ခေတ်သစ် ဂီတကို လူငယ်တွေက တောင်းဆို နေတယ်။ ဒီတောင်းဆိုမှုကို လိုက်လျော တာပဲ ဖြစ်ဖြစ်၊ မလိုက်လျောတာ ဘဲဖြစ်ဖြစ် ဂီတလောက အတွက် ဘယ်လို ရိုက်ခတ်မှု တွေ ရှိလာနိုင်လဲ။

ဖြေ- အမှန်က ခေတ်ပေါ်တို့ ခေတ်ဟောင်း တို့တွေနဲ့ ပတ်သက်လို့ ရှိရင် ကျွန်တော့် အမြင်အရတော့ ဒါ အနုပညာပစ္စည်း၊ တစ်ယောက်ချင်းစီက တူတာ မဟုတ်ဘူး။ ကာ လပေါ်ပဲ ဆိုပေမယ့် ကာလပေါ်သမား အချင်းချင်း ဖန်တီးပုံချင်း မတူကြဘူး။ ယူဆပုံချင်းလည်း တူတာ မဟုတ်ဘူး။ ဒါကို အတင်း လုပ်ကိုလုပ်ရမယ် ဆိုတဲ့ ကိစ္စ ဘယ်တော့ မှဖြစ်လာမှာ မဟုတ်ဘူး။ နောက်ပြီးတော့ ဂီတ အသစ်သစ် ပေါ်လာတဲ့ဟာတွေ အတွက် ကို အမြဲတမ်း ထည့်စဉ်းစားပေးရမယ်။ အများစုက ကိုယ်လုပ်ချင်တဲ့ Creationေ တွကို မလုပ် နိုင်ဘူး။ ရပ်တံ့နေတယ်။ အဲဒါကို အစည်း အရုံးအနေနဲ့ ဘယ်လို နည်းနဲ့ကာကွယ်ပေး နိုင်သလဲ၊ ဘယ်လို ချိတ်ဆက် ပေးနိုင်မလဲ ဆိုတဲ့ ကိစ္စကို သူတို့ စဉ်းစားရမှာ။ အလွှာတွေကို လျှောက်ခွဲတာ သူတို့ အလုပ်မဟုတ်ဘူး။ အလွှာ ဆိုတာကလည်း ခွဲပြလို့ရတာ မဟုတ်ဘူး။ ဥပမာ ကျွန်တော့်ကို ဆိုရင် ငါးလွှာ ခွဲတာ လက်မခံဘူး။ လက်မခံဘူး ဆိုတာ နောက်တစ်ခု ပိုလာမှာ စိုးလို့သာ ကျွန်တော်က ဘာမှ မပြောတာ၊ ကျွန်တော်နဲ့ ဂီတအစည်းအရုံး မဆိုင်တဲ့ အတွက် ကျွန်တော့်ကို ငါးလွှာခွဲ လို့မရဘူး။ ကျွန်တော်လည်း သဘောတူမှာ မဟုတ်ဘူး။ နဂိုကလည်း သဘောမတူခဲ့ဘူး။ စည်းကမ်းချက် သတ်မှတ်တဲ့ နေရာတွေမှာ ဂီတ အစည်းအရုံးက တာဝန်ရှိသူတွေ သေချာ စဉ်းစားဖို့ လိုတယ်။ ခေတ်ပေါ်ဂီတ ဆိုပြီး အတင်းအော်နေလို့ မရဘူး။ ဂီတက ဂီတပဲ။ မြူးဇစ်က မြူးဇစ်ပဲ။ နောင်ဖြစ်ပေါ်လာတဲ့ ဟာတွေကို လက်ခံ ရတော့မှာ။ တကယ်ဖြစ်နေတဲ့ ဟာတွေကို ပြုပြင် ပြောင်းလဲချင်တယ် ဆိုရင် လူတန်းစား အသီးသီးပါ ရမှာပေါ့။ လူကြီး လည်းပါမယ်။ လူငယ်လည်း ပါမယ်။ လူလတ်ပိုင်း လည်းပါမယ်။ လူငယ်တွေကို မေးရမယ်။ ဘာဖြစ်စေချင်လဲ။ အဲဒါမှ ဒီအစည်းအရုံးက သေသေချာချာ အစည်းအရုံး ဖြစ်လာမှာ။ အဲဒီလိုမှ မဟုတ်ရင် ဟိုယောင်ယောင် ဒီယောင်ယောင် ပဲဖြစ်နေမှာ။ ကျွန်တော် ပြောချင်တာက အစည်းအရုံးက တိကျတဲ့ သြဇာ အာဏာနဲ့ သူ့ရဲ့စည်းလုံး ညီညွတ်မှုကို တည်ဆောက်နိုင် မှာ မဟုတ်ဘူး။

မေး- နောက်တက်လာတဲ့ အမှုဆောင် အဖွဲ့သစ် အနေနဲ့လည်း တော်တော်ခေါင်းစားရ လိမ့်မယ်လို့ ထင်တယ်။ သူတို့ အရင်ဆုံး ရင်ဆိုင်ရမယ့် အရာက ဘယ်အရာလို့ ထင်လဲ။

ဖြေ- အမှုဆောင် အဖွဲ့သစ်ထဲမှာ ဘယ်သူ ဝင်မလဲဆိုတဲ့ အပေါ် မူတည်တယ်။ ဝင်လိုက်တဲ့ အမှုဆောင်က သူ့မှာ တာဝန်ကြီးသွားပြီ။ သူဟာ သေချာပေါက် အနုပညာရှင် ပဲဖြစ်မှာပါ။ အနုပညာရှင် မဟုတ်ခဲ့ ရင်တောင်မှ သူဟာ အနုပညာကို ထုတ်လုပ်သူ၊ စီးပွားရေး သမား ဖြစ်ကောင်းဖြစ်လိမ့်မယ်။ အနုပညာ နဲ နွယ်ပြီး ပတ်သက်နေတဲ့ လူတွေ ဖြစ်မှာပါ။ အဲဒါမှ ကိုယ့် ခံစားချက်နဲ့ ကိုယ်လုပ်တယ် ဆိုတဲ့စကားကို သူတို့ ကောင်းကောင်း နားလည်မယ်။ အမှုဆောင် ဖြစ်သွားတဲ့ အခါမှာတော့ ကိုယ့်ခံစား ချက် နဲ့ ကိုယ်လုပ်လို့ မရတော့တဲ့ အတွက် ကြောင့် သူတို့ စိတ်ညစ်ရလိမ့်မယ်။ ပြီးရင် မြောက်မြားလှတဲ့ ပြဿနာတွေ ရှိတယ်။ အဲဒါက တိကျတဲ့ မူပိုင်ခွင့် ဥပဒေ မရှိခဲ့ လို့ဘဲ။ ခေတ်မီအောင် လိုက်ပြီးတော့ မူပိုင်ခွင့် ဥပဒေကို လိုက်လုပ်မလာတဲ့ အတွက်ကြောင့်ပါ။ ဥပဒေ တိတိကျကျ မရှိတော့ တချို့ ပြဿနာ တွေက တိတိ ကျကျ ဖြေရှင်းလို့လည်း မရဘူး။ နောက် အသစ်ပေါ်တဲ့ ပြဿနာမျိုးတွေ ကျတော့လည်း ဘယ်လိုလုပ်ရမှန်း မသိဘူး။ ဒါကိုတော့ ပထမဆုံး ရင်ဆိုင် ရလိမ့်မယ်။ ဘာကြောင့်လဲ ဆိုတော့ အကုန်လုံးက အများကြီး ပွင့်သွားပြီလေ။ အဲဒီတော့ အကုန်လုံးက ဒီအတိုင်း ငြိမ်ငြိမ်လေး နေမှာ မဟုတ်ဘူး။ တစ်ခုခု ပြဿနာ တက်လို့ ဂီတ အစည်းအရုံး က မရှင်းပေးနိုင်ဘူး တစ်ကြိမ်၊ နောက် တစ်ဖွဲ့က ပြဿနာ တက်လို့ ဂီတ အစည်းအရုံးက မရှင်းပေးနိုင်ပြန်ဘူး တစ်ကြိမ် ဆိုရင် သူတို့ကို အယုံ အကြည်မဲ့ လာမှာပေါ့။ အဲဒီတော့ အမှုဆောင် ဘယ်သူ တက်တက် သေချာပေါက် ခေါင်းကြီးပြီ။

မေး- ဝတ္ထုတွေကို စာပေစိစစ်ရေး တင်စရာ မလိုတော့ဘူး ဆိုတော့ အစ်ကိုတို့ အနုပညာ သမားတွေ အနေနဲ့ အနုပညာပိုင်း မှာ ပိုပြီးတော့ လွတ်လပ်စွာ ဖန်တီး ခွင့်ရ ပြီ ပေါ့။ ဖြေ-ရတာပေါ့။ ရတယ် ဆိုတာက ကျွန်တော်တို့ အနေနဲ့ အရင်ကတည်းက လွတ်လပ်ပါတယ်။ အခုကျတော့ ကိုယ်ကရေးရင် သတိထား ရတော့တယ်။ ဥပဒေ အကြောင်း အရာ အားလုံး ဖြစ်သွားပြီလေ။ ကိုယ့်ကို ထိမိခိုက်မိမှာ ကိုယ့်ကို edit လုပ်ပေးမယ့်သူ မရှိတော့ဘူး။ မရှိတော့ အဲဒါ တစ်ခုကို နည်းနည်း သတိထားရတယ်။ ကျန်တဲ့ Creation ပိုင်းတွေ ကတော့ ဘာမှ သိပ်အပြောင်း အလဲ မရှိပါဘူး။ ကိုယ့်အလုပ် ကိုယ်တာဝန်ယူပေါ့။ မေး- မြိုသိပ် ထားခဲ့ရတဲ့ အနုပညာ တစ်ခုကို အခု အချိန်မှာ ပြန်ပြီးတော့ ဖန်တီးချင်စိတ် ဖြစ်မိလား။

ဖြေ- တချို့ဟာတွေတော့ ရှိတယ်။ ရှိတယ် ဆိုပေမယ့်လည်း အခုချိန်မှာ ပြန်ပြီးတော့ အဲဒါတွေကို ပြန်ရေးနေရင်လည်း တစ်ယောက် နဲ့ တစ်ယောက် အငြိုး အတေး တွေ ပြန်ဖော် နေတာမျိုးပဲ ဖြစ်နေတော့မှာလေ။ အခုဟာက အကုန်လုံးက ကောင်းအောင် ကြိုးစားနေကြတာ။ ကိုယ်က ဖျော်ဖြေရေး သမားပဲလေ။ စိတ် ညစ်နေလည်း အတူတူ၊ ပင်ပန်းနေလည်း အတူ တူ။ ဖျော်ဖြေပေးနေ ရတဲ့သူပါ။ အဲဒီ အတွက် လမ်းကြောင်းကိုပဲ အဓိက ဦးတည်တယ်။

မေး-အခုအချိန်မှာ အနုပညာကို လွတ်လပ်စွာ ဖန်တီးမယ့် လူငယ်တွေ အတွက် အစ်ကို့ရဲ့ အကြံ ပြုချက်ကိုလည်း သိချင်ပါတယ်။။

ဖြေ- နောက်ထွက်လာတဲ့ လူငယ်တွေ ရဲ့ အထိန်းအကွပ် ကတော့ သူတို့ကို ဒီလောကက ဝိုင်းပြီး ထိန်းသွားပါလိမ့်မယ်။ အခု မီဒီယာ လောကက ပွင့်လင်းတဲ့ လောက ဖြစ်နေပြီလေ။ တကယ်လို့ အမြင် မတော်တာမျိုးတွေ ထွက်လာတဲ့အခါ ကျတော့ သူတို့ထက် ဝါရင့်တဲ့ ဆိုင်ရာဆိုင်ရာ အနုပညာ ဆရာတွေက ဆုံးမ မှာပဲ။ သတိပေးတာတို့ ဘာတို့ ပြောမှာပဲ။ ပရိသတ်ကလည်း ဝိုင်းထိန်းပေးမှာပေါ့။ တချို့ ရိုင်းရိုင်းစိုင်းစိုင်း စာသားမျိုးတွေနဲ့ သီချင်းတွေ၊ ရုပ်တိမရှိ၊ အဓိပ္ပာယ် မရှိတဲ့ ဝတ္ထုတွေ ကို မကြာခဏ တွေ့နေရတော့ အဲဒါမျိုးကို ယဉ်ကျေးမှု အနေ နဲ့တော့ ပြုပြင်ပြီး ထိန်းသိမ်း စေချင်တယ်။

မေး- ခုလက်ရှိ ပရိသတ်ကို ပေးချင်တဲ့ မက်ဆေ့ခ်ျ က ဘယ်လိုမျိုးလဲ။ စာရေးတဲ့ အပိုင်း မှာ ပေါ့။ တိုင်းပြည်ရဲ့အပြောင်းအလဲ အရမေးတာပါ။

ဖြေ- ပေးချင်တဲ့ မက်ဆေ့ခ်ျကတော့ အများကြီး ကိုယ်ကြိုးစားမှ ရမယ့် မက်ဆေ့ခ်ျမျိုးကို နည်း အမျိုးမျိုးနဲ့ ပေးနေတယ်။ ကျွန်တော်တို့ က ဖွင့်လိုက်ပြီ ဆိုပြီး အိပ်နေရာ က ရုတ်တရက် ထလာသလို၊ အကြာကြီး မျက်လုံးမှိတ် ထားရာကနေ ထပြီး လမ်းလျှောက်ရတဲ့ သူလိုပဲ။ မျက်စိ ပြာနေတယ်။ ကောင်းကောင်း သဲသဲ ကွဲကွဲ မမြင် ရသေးဘူး။ သူများတွေက ကိုယ့်ကို ကောင်းကောင်း မြင်နေပြီ။ ကိုယ့်ထက် အများကြီး သာတယ်။ အဲဒီလို လူမျိုးနဲ့ ကိုယ်က ရင်ဆိုင်ရတော့မှာ။ ဒီတစ်တိုင်းပြည်လုံး နယ် ပယ် အသီးသီးကပေါ့။ အမြင်ကျယ် ကျယ်ရှိဖို့၊ မက်ဆေ့ခ်ျပေးဖို့ ကြိုးစားနေတယ်။ ကိုယ်သိ သလောက်ပေါ့။

လင်းအက္ခရာ
 (Credit http://www.yoyarlay.com/entertainment/entertainment/interview/28543-2012-07-27-08-33-25)

Trespass

======

The Gods Must Be Crazy 3

Chinese Vampire Invades Africa In The Gods Must Be Crazy 3 The first and second Gods Must Be Crazy films followed Xixo the Bushman and his misadventures with modernity. The Gods Must Be Crazy III was about a Chinese vampire. Which of these is not like the other? Unlike The Gods Must Be Crazy and The Gods Must Crazy II, 1991's The Gods Must Be Crazy III (a.k.a. Crazy Safari) was made by a Hong Kong production company. The film still starred N!xau the Namibian Bushman, but instead of cultural misunderstandings concerning Coca-Cola bottles, the film was about a lost jiang shi, a.k.a. a Chinese vampire. Yes, the hopping, ponytailed, Chinese vampire that can be enslaved with a talisman written on yellow paper. I have no clue what any of this has to do with Kalahari tribesmen, but it makes for one great multicultural car crash of a motion picture. Not that I have any great nostalgia for The Gods Must Be Crazy, but this is plum inexplicable. Imagine if a Ukrainian studio produced Caddyshack 3, and the film wasn't about a golf course but Baba Yaga trying to cook a stew out of Chevy Chase and Bill Murray. What if a Filipino company remade Animal House with a cast made entirely of tikbalangs? That's what this feels like. 1980s comedy + mythological beasts + insanity = a Friday night I endorse.

THE TUXEDO

The Tuxedo (2002) PG_13 98 min - Action | Comedy | Sci-Fi - A hapless chauffer must take a comatosed secret agent's place using his special gadget-laden tuxedo. Director: Kevin Donovan Stars: Jackie Chan, Jennifer Love Hewitt and Jason Isaacs

Apocalypto 2006 historical action - adventure movie






Casts : Gerardo Taracena, Raoul Trujillo and Dalia Hernández As the Mayan kingdom faces its decline, the rulers insist the key to prosperity is to build more temples and offer human sacrifices. Jaguar Paw, a young man captured for sacrifice, flees to avoid his fate.